Sunday, October 25, 2009
ဘလော့နံမည်လေးရွေးချယ်ဖြစ်ပုံ
ဘလော့စရေးတော့မယ်လို့စိတ်ကူးလိုက်တော့ နံမည်ပေးဖို့စဉ်းစားရရော...ဘာနံမည်ပေးရင်ကောင်းမလဲပေါ့..ထွေထွေထူးထူးတော့မဟုတ်ပါဘူး..အီးမေလ်းသုံးနေကျနံမည်လေးကိုဘဲရွေးချယ်ဖြစ်ပါတယ်...ပြီးတော့ ခရမ်းရောင်ဆိုတာ ကိုယ့်အကြိုက်ဆုံးအရောင်တစ်ခုမဟုတ်လား...ဘလော့ရေးရတဲ့ရည်ရွယ်ချက်ကတော့စာရေးချင်စိတ်အားကြီးလွန်းလို့ပါလို့ပြောရရင်ပိုမှန်လိမ့်မယ်...ကိုယ်ရေးထားတာလေးတွေ..ဗဟုသုတဖြစ်စရာလေးတွေကို သူများကိုပြန်လည်မျှဝေချင်တယ်...ပြီးတော့ ရင်ထဲမှာရှိတာလေးတွေကိုလဲ မျိုသိပ်ထားတာထက်စာရင် ဖွင့်ဟလိုက်တာက ပိုကောင်းလိမ့်မယ်လို့လဲထင်ပါတယ်..ဒီနေရာမှာ Violet ရဲ့ ခံစားချက်တစ်ချို့ကိုလဲ ဝေမျှသွားမှာပါ...
လာရောက်လည်ပတ်ကြသူများအားလုံးပျော်ရွှင်ချမ်းမြေ့ကြစေဖို့ဆုမွန်တောင်းလိုက်ပါရစေနော်...
Subscribe to:
Posts (Atom)